
ဂျပန်နိုင်ငံသည်သဘာဝဘေးအန္တရာယ်အလွန်များသည့်နိုင်ငံဖြစ်ပါသည်။သင်တို့နိုင်ငံရောမည်သို့ရှိပါသနည်း။
ဘေးအန္တရာယ်ဖြစ်ပေါ်လာသည့်အခါ၊သင်ဘယ်လိုလုပ်ပါမည်လဲ။
ဘေးအန္တရာယ်ကာကွယ်ဖို့ဘယ်လိုပြင်ဆင်ထားရမည်လဲ?
ဂျပန်နိုင်ငံတွင်နည်းပညာများကိုအန္တရာယ်ကင်းစွာသင်ယူပြီးမြောက်၍မိမိနိုင်ငံသို့ပြန်နိုင်ရန်ဘေးအန္တ
ရယ်နှင့်ပက်သက်၍လေ့လာကြရအောင်။
1.地震 (၁)ငလျင်
ဂျပန်နိုင်ငံသည်ငလျင်အဖြစ်များသည့်နိုင်ငံဖြစ်ပါသည်။မည်သည့်အချိန်မည်သည့်နေရာမှာကြီးမားသည့်ငလျင်ဖြစ်မည်ကိုမသိနိုင်ပါ။
ပထမဆုံးအနေဖြင့်၊ငလျင်၏ကြောက်စရာကောင်းမှုကိုကြည့်၍ဘေးအန္တရာယ်နှင့်ပက်သက်သောအသိအမြင်ကိုမြှင့်တင်ကြရအောင်။
အောက်မှဗွီဒီယိုသည်၂၀၁၁ခုနှစ်၃လပိုင်း၁၁ရက်နေ့တွင်ဖြစ်ပေါ်ခဲ့သောဂျပန်အရှေ့ပိုင်းငလျင်ကြီး၏ပုံရိပ်များဖြစ်ပါသည်။
ယခုလိုငလျင်ကြီးများနောက်ထပ်ဖြစ်ပေါ်ကောင်းဖြစ်ပေါ်နိုင်ပါသည်။
ထပ်၍ဂျပန်အရှေ့ပိုင်းငလျင်ကြီးတွင်ငလျင်ပြီးဆုံးပြီးနောက်ဆူနာမီကြီး(ဒီရေလှိုင်းကြီး)ဖြစ်ပေါ်၍
လူပေါင်းများစွာသေကျေခြင်း၊ပျောက်ဆုံးခြင်းများရှိခဲ့ပါသည်။
ဒီလိုဆိုရင်ယခုလိုကြောက်စရာကောင်းသည့်ငလျင်မှာကျွန်နုပ်တို့မည်သည့်အရာများကိုလုပ်နိုင်ပါမည်နည်း။
အဲဒါကတော့(ငလျင်အတွက်ကြိုတင်ပြင်ဆင်မှု)နှင့်(ငလျင်နှင့်ပက်သက်သောအသိ)တို့ဖြစ်ပါသည်။ငလျင်အတွက်ကြိုတင်ပြင်ဆင်မှု
ငလျင်အတွက်ကြိုတင်ပြင်ဆင်မှု
①ဘေးအန္တရာယ်ရှောင်ရှားသည့်အခါသယ်ဆောင်သွားရမည့်ပစ္စည်းများကိုအိတ်ဖြင့်ထည့်၍ပြင်ဆင်ထားရအောင်။
ငလျင်ဖြစ်ပြီးနောက်မှဘေးအန္တရာယ်ရှောင်ရှားရန်ပစ္စည်းများထည့်မည်ဆိုလျှင်အလွန်နောက်ကျနေပါမည်။
ငလျင်မဖြစ်မီပစ္စည်းများထည့်၍၊ငလျင်ဖြစ်သည့်အခါချက်ချင်းဘေးအန္တရာယ်ရှောင်ရှားနိုင်ရန်ပြင်ဆင်
ထားကြရအောင်။

အပေါ်မှပုံအပြင်၊လိုအပ်သောပစ္စည်းများရှိခဲ့လျှင်၊ကြိုတင်ပြင်ဆင် ထားကြရအောင်။
※注意:在留カードはいつも持っていましょう!
သတိပြုရန်-နေထိုင်ခွင့်ကဒ်အားအမြဲသယ်ဆောင်ထားပါ။
②ပြေးရမည့်နေရာ(ဘေးအန္တရာယ်ရှောင်ရှားရန်နေရာ)နှင့်လမ်းအားရှာဖွေထားပါ။
ကုမ္ပဏီနှင့်အဆောင်တွင်ပြေးရမည့်နေရာသတ်မှတ်ထားပါသည်။
ငလျင်မဖြစ်မီလက်တွေ့လမ်းလျှောက်ကြည့်ပြီး၊နေရာကိုအတည်ပြုစစ်ဆေးကြရအောင်။
③အိမ်ထောင်ပရိဘေားဂများမပြိုလဲစေရန်၊အခိုင်အမာတပ်ဆင်ထားပါ။
ပြေးသည့်အခါ၊ပန်းကန်စင်၊စာအုပ်စင်များပြိုလဲလာပါကအန္တရယ်ရှိပါသည်။
မည့်သည့်အချိန်မဆို၊ပြေး၍လွယ်ကူစေရန်ကြမ်းပြင်တွင်ပစ္စည်းများအများအပြားထားခြင်းကိုရပ်ကြရအောင်။
「ငလျင်နှင့်ပက်သက်သောအသိ」
①ငလျင်ဖြစ်သည့်အခါရင်ဆိုင်တုံ့ပြန်မှု(ဖြေရှင်းမှု)
≪ငလျင်ဆိုတာနဲ့≫
- စားပွဲအောက်တွင်ပြေးပုန်း၍၊မိမိကိုယ်ကိုကာကွယ်ကြရအောင်။
- ကူရှင်အစရှိသည်ဖြင့်ဦးခေါင်းအားကာကွယ်ကြရအောင်။
- မှန်များရှိသောနေရာမှဝေးဝေးနေပါ။
≪လှုပ်ခပ်မှုငြိမ်သက်လျှင်≫
- တီဗွီ၊ရေဒီယိုဖြင့်ဆူနာမီအစရှိသည်များ၏သတင်းအချက်အလက်များကိုအတည်ပြုစစ်ဆေးရအောင်။ဘေးအန္တရာယ်ရှောင်ရှားရန်လိုအပ်မှုရှိ၊မရှိဆုံးဖြတ်ကြရအောင်။
- ဟင်းချက်ရန်မီးများအသုံးပြုထားလျှင်၊ချက်ချင်းပိတ်ကြရအောင်။
- နားမလည်သည့်အကြောင်းအရာများအား၊အနီးအနားရှိဂျပန်လူမျိုးများအားမေးကြရအောင်။(နေ့စဥ်ခေါ်ပြောဆက်ဆံမှုရှိရန်တော့လိုအပ်ပါသည်။)
- အပြင်ထွက်ပြီးနောက်၊ဦးခေါင်းအားသတိထားကြရအောင်။
②ယခုလိုအချိန်မျိုးတွင်၊ငလျင်ဖြစ်ခဲ့လျှင်။
■အပြင်မှာရှိစဥ်ငလျင်ဖြစ်ခဲ့လျှင်….
⇒ငလျင်ကြီးခဲ့လျှင်၊အဆောက်အဦး၏ပြတင်းပေါက်မှန်ကွဲအစရှိသည်များကျလာနိုင်ခြေရှိပါသည်။လှုပ်ခပ်မှုငြိမ်သွားလျှင်၊လုံခြုံစိတ်ချရသောနေရာသို့အလျှင်အမြန်ရှောင်ရှားကြရအောင်။
■ဓါတ်လှေကားအတွင်းရှိချိန်ငလျင်လှုပ်ခဲ့လျှင်….
⇒ဓါတ်လှေကားသည်အားပြင်းသည့်လှုပ်သည့်လှုပ်ခပ်မှုဖြစ်ပါကရပ်သွားပြီး၊အထဲတွင်ပိတ်မိနိုင်ပါသည်။ပထမဦးစွာ၊အထပ်အားလုံး၏ခလုတ်ကိုနှိုပ်ကြရအောင်။အထပ်အားလုံး၏တံခါးခလုတ်များကိုနှိပ်ခဲ့သော်တောင်မှတံခါးမပွင့်ခဲ့လျှင်၊အရေးပေါ်ခေါ်ဆိုမှုခလုတ်ကိုနှိပ်၍ဆက်သွယ်ပါ။
■ဘူတာနှင့်လေဆိပ်တွင်ရှိသည့်အချိန်ငလျင်ဖြစ်ခဲ့လျှင်…
⇒ဘူတာဝန်ထမ်းနှင့်လေဆိပ်ဝန်ထမ်း၏လမ်းညွှန်မှုအတိုင်းလိုက်နာပါ။ဘူတာတွင်ပလက်ဖောင်းမှသံ
လမ်းသို့လုံးဝမဆင်းသင့်ပါ။
2.台風・大雨တိုက်ဖွန်း၊(မုန်တိုင်း)မိုးကြီး
တစ်ကမ္ဘာလုံးတွင်၊အပူချိန်မြင့်တက်၍၊ပုံမှန်မဟုတ်သောရာသီဥတုများဖြစ်ပေါ်နေပါသည်။
ဂျပန်နိုင်ငံသည်လည်းချွန်းချက်မဟုတ်ပဲ၊နွေရာသီတွင်ယခုအချိန်ထိမကြုံဖူးသောမိုးများကြီးခြင်း၊
နွေရာသီမှဆောင်းဦးထိအကြိမ်ကြိမ်မုန်တိုင်းကြီးများချဥ်းကပ်လာခြင်းများဖြစ်လာပါသည်။
ဂျပန်နိုင်ငံတွင်နေထိုင်စားသောက်သည့်အခါ၊တိုက်ဖွန်းနှင့်မိုးကြီးခြင်းအားသတိမထား၍မရပါ။
①တိုက်ဖွန်း၊(မုန်တိုင်း)မိုးကြီးမလာခင်
- မုန်တိုင်းနှင့်မိုးကြီးသည်ငလျင်နှင့်မတူပဲ၊အတိုင်းအတာတစ်ခုထိခန့်မှန်း၍ရပါသည်။နေ့စဥ်မိုးလေဝသကြေငြာချက်ကိုအတည်ပြုစစ်ဆေး၍သတိထားကြရအောင်။
- မုန်တိုင်းလာမည်ကိုသိခဲ့လျှင်၊အိမ်ပြင်ရှိပစ္စည်းများကိုသိမ်းဆည်းကြရအောင်။လေပြင်းကြောင့်လွင့်ပါသွားနိုင်ခြေရှိပါသည်။(လျှော်စရာအဝတ်များ၊အမှိုက်ပုံး၊ပန်းအိုး၊အဝတ်တန်းအစရှိသည်)
- မိုးကြီးမည်ကိုသိခဲ့လျှင်၊သဲအိတ်များထပ်ခြင်း၊အရေးကြီးသောပစ္စည်းများကိုမြင့်သောနေရာများတွင်ပြောင်းရွှေ့ထားခြင်းများလုပ်ကြရအောင်။
- မုန်တိုင်းနှင့်မိုးကြီးခြင်းမဖြစ်ပေါ်မီအနီးရှိဘေးအန္တရာယ်ရှောင်ရှားရန်နေရာနှင့်မည်သို့သွားရမည်ကိုအတည်ပြုစစ်ဆေးထားကြရအောင်။
- အနီးရှိရေကြီးနိုင်ခြေရှိသောမြစ်များနှင့်ပြိုကျနိုင်ခြေရှိသောတောင်များရှိမရှိအတည်ပြုစစ်ဆေးကြရအောင်။ရှိခဲ့လျှင်၊အလျှင်အမြန်ရှောင်ရှားရန်လိုအပ်ပါမည်။
②မုန်တိုင်းလာခဲ့လျှင်၊မိုးကြီးခဲ့လျှင်
- ရှောင်ရှားရန်မလိုအပ်သည့်အခါ၊အတတ်နိုင်ဆုံးအပြင်မထွက်ပဲနေကြရအောင်။လေကြောင့်ပစ္စည်းများလွင့်လာခြင်း၊မိုးကြောင့်မြောင်းများသိရခက်ခြင်းရှိ၍အန္တရာယ်ရှိပါသည်။
သတိပြုရန်-ရှောင်ရှားမည်လား၊မရှောင်မည်လား၊မည်သို့ဆုံးဖြတ်လျှင်ကောင်းမည်နည်း?
⇒သင်နေထိုင်သောနေရာဧရိယာ၏သတိပေးနှိုးဆော်မှုအဆင့်မှာအဆင့်၄အထက်ဖြစ်ခဲ့လျှင်၊ချက်ချင်းရှောင်ရှားကြရအောင်။(ဘေးအန္တရာယ်နှင့်ပက်သက်သောသတင်းအချက်များကိုမကြခဏစစ်ဆေးပါ။)
3.အက်ပလီကေးရှင်း(application)ကိုအသုံးချကြရအောင်။
တီဗွီမှထုတ်လွှင့်သောဘေးအန္တရာယ်သတင်းအချက်အလက်များအားလုံးနီးပါးမှာဂျပန်စကားဖြင့်ထုတ်လွှင့်ပါသည်။
သတင်းအချက်အလက်များနားမလည်ပဲ၊အသက်အန္တရာယ်နှင့်ရင်ဆိုင်သောအခြေအနေမျိုးများဖြစ်နိုင်ပါသည်။
မိမိဘာသာစကားဖြင့်ဘေးအန္တရာယ်သတင်းအချက်အလက်များစစ်ဆေးနိုင်စေရန်(သဘာဝဘေးအန္တရာယ်အပလီကေးရှင်း)ကိုဒေါင်းလုတ်ဆွဲကြရအောင်။
ဂျပန်အစိုးရမှပြုလုပ်ထားသောဘေးအန္တရာယ်သတိပေးချက်သည်အင်္ဂလိပ်ဘာသာ၊တရုတ်ဘာသာ၊ကိုရီးယားဘာသာ၊ဂျပန်ဘာသာ၊စပိန်ဘာသာ၊ပေါ်တူဂီဘာသာ၊ဗီယက်နမ်ဘာသာ၊ထိုင်းဘာသာ၊အင်ဒိုနီးရှားဘာသာ၊တဂါးလော့ဂ်ဘာသာ(ဖိလစ်ပိုင်ဘာသာစကားတစ်မျိုး)၊နီပေါဘာသာဖြင့်ဘေးအန္တရာယ်သတင်းအချက်အလက်များစစ်ဆေးနိုင်ပါသည်။
Android
https://play.google.com/store/apps/details?id=jp.co.rcsc.safetyTips.android
iPhone
https://apps.apple.com/jp/app/safety-tips/id858357174

※ယခုကဲ့သို့သောအခြားဘေးအန္တရာယ်များလည်းရှိပါသည်။
・大雪(おおゆき)နှင်းထု(နှင်းထူထပ်သော)
・火事(かじ)မီးလောင်ခြင်း
・竜巻(たつまき)လေဆင်နှာမောင်း
မည်သည့်အချိန်ဘေးအန္တရာယ်ဖြစ်ပေါ်မည်၊မည်မျှပျက်စီးဆုံးရှုံးနိုင်မည်ကားမသိနိုင်ပါ။
နေ့စဥ်ဘေးအန္တရာယ်ကြိုတင်ပြင်ဆင်မှုအတွက်အသိအမြင်ကိုမြှင့်တင်ကြရအောင်။
(မဖြစ်နိုင်လောက်ပါဘူး)ဆိုသည်မျိုးမဟုတ်ပဲ၊(ဖြစ်ကောင်းဖြစ်လိမ့်မည်)ဟုတွေးဖို့အရေးကြီးပါသည်၊
ပြန်စာထားခဲ့ပါ။