ယခုလိုအချိန်မျိုးမှာဘယ်လိုလုပ်မလဲ?(သဘာဝဘေးအန္တရာယ်မှမိမိကိုယ်ကိုကာကွယ်ကြရအောင်)

Pocket

ဂျပန်နိုင်ငံသည်သဘာဝဘေးအန္တရာယ်အလွန်များသည့်နိုင်ငံဖြစ်ပါသည်။သင်တို့နိုင်ငံရောမည်သို့ရှိပါသနည်း။

ဘေးအန္တရာယ်ဖြစ်ပေါ်လာသည့်အခါ၊သင်ဘယ်လိုလုပ်ပါမည်လဲ။

ဘေးအန္တရာယ်ကာကွယ်ဖို့ဘယ်လိုပြင်ဆင်ထားရမည်လဲ?

ဂျပန်နိုင်ငံတွင်နည်းပညာများကိုအန္တရာယ်ကင်းစွာသင်ယူပြီးမြောက်၍မိမိနိုင်ငံသို့ပြန်နိုင်ရန်ဘေးအန္တ

ရယ်နှင့်ပက်သက်၍လေ့လာကြရအောင်။

1.地震(じしん) (၁)ငလျင်

ဂျပန်နိုင်ငံသည်ငလျင်အဖြစ်များသည့်နိုင်ငံဖြစ်ပါသည်။မည်သည့်အချိန်မည်သည့်နေရာမှာကြီးမားသည့်ငလျင်ဖြစ်မည်ကိုမသိနိုင်ပါ။

ပထမဆုံးအနေဖြင့်၊ငလျင်၏ကြောက်စရာကောင်းမှုကိုကြည့်၍ဘေးအန္တရာယ်နှင့်ပက်သက်သောအသိအမြင်ကိုမြှင့်တင်ကြရအောင်။

အောက်မှဗွီဒီယိုသည်၂၀၁၁ခုနှစ်၃လပိုင်း၁၁ရက်နေ့တွင်ဖြစ်ပေါ်ခဲ့သောဂျပန်အရှေ့ပိုင်းငလျင်ကြီး၏ပုံရိပ်များဖြစ်ပါသည်။

ယခုလိုငလျင်ကြီးများနောက်ထပ်ဖြစ်ပေါ်ကောင်းဖြစ်ပေါ်နိုင်ပါသည်။

ထပ်၍ဂျပန်အရှေ့ပိုင်းငလျင်ကြီးတွင်ငလျင်ပြီးဆုံးပြီးနောက်ဆူနာမီကြီး(ဒီရေလှိုင်းကြီး)ဖြစ်ပေါ်၍

လူပေါင်းများစွာသေကျေခြင်း၊ပျောက်ဆုံးခြင်းများရှိခဲ့ပါသည်။

ဒီလိုဆိုရင်ယခုလိုကြောက်စရာကောင်းသည့်ငလျင်မှာကျွန်နုပ်တို့မည်သည့်အရာများကိုလုပ်နိုင်ပါမည်နည်း။

အဲဒါကတော့(ငလျင်အတွက်ကြိုတင်ပြင်ဆင်မှု)နှင့်(ငလျင်နှင့်ပက်သက်သောအသိ)တို့ဖြစ်ပါသည်။ငလျင်အတွက်ကြိုတင်ပြင်ဆင်မှု

ငလျင်အတွက်ကြိုတင်ပြင်ဆင်မှု

ဘေးအန္တရာယ်ရှောင်ရှားသည့်အခါသယ်ဆောင်သွားရမည့်ပစ္စည်းများကိုအိတ်ဖြင့်ထည့်၍ပြင်ဆင်ထားရအောင်။

ငလျင်ဖြစ်ပြီးနောက်မှဘေးအန္တရာယ်ရှောင်ရှားရန်ပစ္စည်းများထည့်မည်ဆိုလျှင်အလွန်နောက်ကျနေပါမည်။

ငလျင်မဖြစ်မီပစ္စည်းများထည့်၍၊ငလျင်ဖြစ်သည့်အခါချက်ချင်းဘေးအန္တရာယ်ရှောင်ရှားနိုင်ရန်ပြင်ဆင်

ထားကြရအောင်။

အပေါ်မှပုံအပြင်၊လိုအပ်သောပစ္စည်းများရှိခဲ့လျှင်၊ကြိုတင်ပြင်ဆင် ထားကြရအောင်။

注意(ちゅうい)在留(ざいりゅう)カードはいつも()っていましょう!

သတိပြုရန်-နေထိုင်ခွင့်ကဒ်အားအမြဲသယ်ဆောင်ထားပါ။

ပြေးရမည့်နေရာ(ဘေးအန္တရာယ်ရှောင်ရှားရန်နေရာ)နှင့်လမ်းအားရှာဖွေထားပါ။

ကုမ္ပဏီနှင့်အဆောင်တွင်ပြေးရမည့်နေရာသတ်မှတ်ထားပါသည်။

ငလျင်မဖြစ်မီလက်တွေ့လမ်းလျှောက်ကြည့်ပြီး၊နေရာကိုအတည်ပြုစစ်ဆေးကြရအောင်။

အိမ်ထောင်ပရိဘေားဂများမပြိုလဲစေရန်၊အခိုင်အမာတပ်ဆင်ထားပါ။

ပြေးသည့်အခါ၊ပန်းကန်စင်၊စာအုပ်စင်များပြိုလဲလာပါကအန္တရယ်ရှိပါသည်။

မည့်သည့်အချိန်မဆို၊ပြေး၍လွယ်ကူစေရန်ကြမ်းပြင်တွင်ပစ္စည်းများအများအပြားထားခြင်းကိုရပ်ကြရအောင်။

「ငလျင်နှင့်ပက်သက်သောအသိ」

)ငလျင်ဖြစ်သည့်အခါရင်ဆိုင်တုံ့ပြန်မှု(ဖြေရှင်းမှု)

≪ငလျင်ဆိုတာနဲ့≫

  • စားပွဲအောက်တွင်ပြေးပုန်း၍၊မိမိကိုယ်ကိုကာကွယ်ကြရအောင်။
  • ကူရှင်အစရှိသည်ဖြင့်ဦးခေါင်းအားကာကွယ်ကြရအောင်။
  • မှန်များရှိသောနေရာမှဝေးဝေးနေပါ။

≪လှုပ်ခပ်မှုငြိမ်သက်လျှင်≫

  • တီဗွီ၊ရေဒီယိုဖြင့်ဆူနာမီအစရှိသည်များ၏သတင်းအချက်အလက်များကိုအတည်ပြုစစ်ဆေးရအောင်။ဘေးအန္တရာယ်ရှောင်ရှားရန်လိုအပ်မှုရှိ၊မရှိဆုံးဖြတ်ကြရအောင်။
  • ဟင်းချက်ရန်မီးများအသုံးပြုထားလျှင်၊ချက်ချင်းပိတ်ကြရအောင်။
  • နားမလည်သည့်အကြောင်းအရာများအား၊အနီးအနားရှိဂျပန်လူမျိုးများအားမေးကြရအောင်။(နေ့စဥ်ခေါ်ပြောဆက်ဆံမှုရှိရန်တော့လိုအပ်ပါသည်။)
  • အပြင်ထွက်ပြီးနောက်၊ဦးခေါင်းအားသတိထားကြရအောင်။

②ယခုလိုအချိန်မျိုးတွင်၊ငလျင်ဖြစ်ခဲ့လျှင်။)

■အပြင်မှာရှိစဥ်ငလျင်ဖြစ်ခဲ့လျှင်….

⇒ငလျင်ကြီးခဲ့လျှင်၊အဆောက်အဦး၏ပြတင်းပေါက်မှန်ကွဲအစရှိသည်များကျလာနိုင်ခြေရှိပါသည်။လှုပ်ခပ်မှုငြိမ်သွားလျှင်၊လုံခြုံစိတ်ချရသောနေရာသို့အလျှင်အမြန်ရှောင်ရှားကြရအောင်။

■ဓါတ်လှေကားအတွင်းရှိချိန်ငလျင်လှုပ်ခဲ့လျှင်….

⇒ဓါတ်လှေကားသည်အားပြင်းသည့်လှုပ်သည့်လှုပ်ခပ်မှုဖြစ်ပါကရပ်သွားပြီး၊အထဲတွင်ပိတ်မိနိုင်ပါသည်။ပထမဦးစွာ၊အထပ်အားလုံး၏ခလုတ်ကိုနှိုပ်ကြရအောင်။အထပ်အားလုံး၏တံခါးခလုတ်များကိုနှိပ်ခဲ့သော်တောင်မှတံခါးမပွင့်ခဲ့လျှင်၊အရေးပေါ်ခေါ်ဆိုမှုခလုတ်ကိုနှိပ်၍ဆက်သွယ်ပါ။

■ဘူတာနှင့်လေဆိပ်တွင်ရှိသည့်အချိန်ငလျင်ဖြစ်ခဲ့လျှင်…

⇒ဘူတာဝန်ထမ်းနှင့်လေဆိပ်ဝန်ထမ်း၏လမ်းညွှန်မှုအတိုင်းလိုက်နာပါ။ဘူတာတွင်ပလက်ဖောင်းမှသံ

လမ်းသို့လုံးဝမဆင်းသင့်ပါ။

2.台風(たいふう)大雨(おおあめ)တိုက်ဖွန်း၊(မုန်တိုင်း)မိုးကြီးတိုက်ဖွန်း၊(မုန်တိုင်း)မိုးကြီး

တစ်ကမ္ဘာလုံးတွင်၊အပူချိန်မြင့်တက်၍၊ပုံမှန်မဟုတ်သောရာသီဥတုများဖြစ်ပေါ်နေပါသည်။

ဂျပန်နိုင်ငံသည်လည်းချွန်းချက်မဟုတ်ပဲ၊နွေရာသီတွင်ယခုအချိန်ထိမကြုံဖူးသောမိုးများကြီးခြင်း၊

နွေရာသီမှဆောင်းဦးထိအကြိမ်ကြိမ်မုန်တိုင်းကြီးများချဥ်းကပ်လာခြင်းများဖြစ်လာပါသည်။

ဂျပန်နိုင်ငံတွင်နေထိုင်စားသောက်သည့်အခါ၊တိုက်ဖွန်းနှင့်မိုးကြီးခြင်းအားသတိမထား၍မရပါ။

①တိုက်ဖွန်း၊(မုန်တိုင်း)မိုးကြီးမလာခင်

  • မုန်တိုင်းနှင့်မိုးကြီးသည်ငလျင်နှင့်မတူပဲ၊အတိုင်းအတာတစ်ခုထိခန့်မှန်း၍ရပါသည်။နေ့စဥ်မိုးလေဝသကြေငြာချက်ကိုအတည်ပြုစစ်ဆေး၍သတိထားကြရအောင်။
  • မုန်တိုင်းလာမည်ကိုသိခဲ့လျှင်၊အိမ်ပြင်ရှိပစ္စည်းများကိုသိမ်းဆည်းကြရအောင်။လေပြင်းကြောင့်လွင့်ပါသွားနိုင်ခြေရှိပါသည်။(လျှော်စရာအဝတ်များ၊အမှိုက်ပုံး၊ပန်းအိုး၊အဝတ်တန်းအစရှိသည်)
  • မိုးကြီးမည်ကိုသိခဲ့လျှင်၊သဲအိတ်များထပ်ခြင်း၊အရေးကြီးသောပစ္စည်းများကိုမြင့်သောနေရာများတွင်ပြောင်းရွှေ့ထားခြင်းများလုပ်ကြရအောင်။
  • မုန်တိုင်းနှင့်မိုးကြီးခြင်းမဖြစ်ပေါ်မီအနီးရှိဘေးအန္တရာယ်ရှောင်ရှားရန်နေရာနှင့်မည်သို့သွားရမည်ကိုအတည်ပြုစစ်ဆေးထားကြရအောင်။
  • အနီးရှိရေကြီးနိုင်ခြေရှိသောမြစ်များနှင့်ပြိုကျနိုင်ခြေရှိသောတောင်များရှိမရှိအတည်ပြုစစ်ဆေးကြရအောင်။ရှိခဲ့လျှင်၊အလျှင်အမြန်ရှောင်ရှားရန်လိုအပ်ပါမည်။

②မုန်တိုင်းလာခဲ့လျှင်၊မိုးကြီးခဲ့လျှင်

  • ရှောင်ရှားရန်မလိုအပ်သည့်အခါ၊အတတ်နိုင်ဆုံးအပြင်မထွက်ပဲနေကြရအောင်။လေကြောင့်ပစ္စည်းများလွင့်လာခြင်း၊မိုးကြောင့်မြောင်းများသိရခက်ခြင်းရှိ၍အန္တရာယ်ရှိပါသည်။

သတိပြုရန်-ရှောင်ရှားမည်လား၊မရှောင်မည်လား၊မည်သို့ဆုံးဖြတ်လျှင်ကောင်းမည်နည်း?

သင်နေထိုင်သောနေရာဧရိယာ၏သတိပေးနှိုးဆော်မှုအဆင့်မှာအဆင့်၄အထက်ဖြစ်ခဲ့လျှင်၊ချက်ချင်းရှောင်ရှားကြရအောင်။(ဘေးအန္တရာယ်နှင့်ပက်သက်သောသတင်းအချက်များကိုမကြခဏစစ်ဆေးပါ။)

3.အက်ပလီကေးရှင်း(application)ကိုအသုံးချကြရအောင်။

တီဗွီမှထုတ်လွှင့်သောဘေးအန္တရာယ်သတင်းအချက်အလက်များအားလုံးနီးပါးမှာဂျပန်စကားဖြင့်ထုတ်လွှင့်ပါသည်။

သတင်းအချက်အလက်များနားမလည်ပဲ၊အသက်အန္တရာယ်နှင့်ရင်ဆိုင်သောအခြေအနေမျိုးများဖြစ်နိုင်ပါသည်။

မိမိဘာသာစကားဖြင့်ဘေးအန္တရာယ်သတင်းအချက်အလက်များစစ်ဆေးနိုင်စေရန်(သဘာဝဘေးအန္တရာယ်အပလီကေးရှင်း)ကို‌ဒေါင်းလုတ်ဆွဲကြရအောင်။

ဂျပန်အစိုးရမှပြုလုပ်ထားသောဘေးအန္တရာယ်သတိပေးချက်သည်အင်္ဂလိပ်ဘာသာ၊တရုတ်ဘာသာ၊ကိုရီးယားဘာသာ၊ဂျပန်ဘာသာ၊စပိန်ဘာသာ၊ပေါ်တူဂီဘာသာ၊ဗီယက်နမ်ဘာသာ၊ထိုင်းဘာသာ၊အင်ဒိုနီးရှားဘာသာ၊တဂါးလော့ဂ်ဘာသာ(ဖိလစ်ပိုင်ဘာသာစကားတစ်မျိုး)၊နီပေါဘာသာဖြင့်ဘေးအန္တရာယ်သတင်းအချက်အလက်များစစ်ဆေးနိုင်ပါသည်။

Android

https://play.google.com/store/apps/details?id=jp.co.rcsc.safetyTips.android

iPhone

https://apps.apple.com/jp/app/safety-tips/id858357174

ယခုကဲ့သို့သောအခြားဘေးအန္တရာယ်များလည်းရှိပါသည်။

・大雪(おおゆき)နှင်းထု(နှင်းထူထပ်သော)

・火事(かじ)မီးလောင်ခြင်း

・竜巻(たつまき)လေဆင်နှာမောင်း

မည်သည့်အချိန်ဘေးအန္တရာယ်ဖြစ်ပေါ်မည်၊မည်မျှပျက်စီးဆုံးရှုံးနိုင်မည်ကားမသိနိုင်ပါ။

နေ့စဥ်ဘေးအန္တရာယ်ကြိုတင်ပြင်ဆင်မှုအတွက်အသိအမြင်ကိုမြှင့်တင်ကြရအောင်။

(မဖြစ်နိုင်လောက်ပါဘူး)ဆိုသည်မျိုးမဟုတ်ပဲ၊(ဖြစ်ကောင်းဖြစ်လိမ့်မည်)ဟုတွေးဖို့အရေးကြီးပါသည်၊

2020-10-09|
関連記事

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

CAPTCHA